Tuesday, February 14, 2017

ကွန်ပျူတာ အခြေခံ အပိုင်း(၄)

Paint program အသုံးပြုခြင်း



Paint ဆိုတာ window မှာ ပါတဲ့ painting လုပ်တဲ့ software တစ်ခုပါ professional တော့ ဆွဲလို့မရပါဘူး
ဒါပေမဲ့ အခြေခံသဘောတရားတွေတော့အများကြီးပါ ပါတယ်။

Program တစ်ခု ဖွင့်တော့မယ်ဆိုရင် Start Button ကနေသွားပါမယ်
Start -> All Programs(or) Program->Accessories->Paint ကိုနှိပ်ပါ























နောက်တစ်နည်းနဲ့လည်းဖွင့်လိုရပါတယ်

နောက်တစ်နည်းကတော့  Keyboard က Window key ကိုဖိထားပြီး r  key ကို နှိပ်ပါ ။  ပေါ်လာတဲ့ box မှာ mspaint ကိုရိုက်ပြီး
enter နှိပ်ပါ

















ဘယ်ကနေပြီး ဖွင့်ဖွင့် အတူတူပါပဲ။
ဒီလိုပုံစံပွင့်လာပါမယ်

































ဒါဆိုရင် ပုံတစ်ပုံလောက် အတူတူဆွဲကြည့်ရအောင်
ခဲတံယူပါ

စာရွက်ပေါ်တွင် ဒီလိုပုံစံရအောက်ဆွဲပါ












 ဆွဲနေရင်းနဲ့ မှားသွားခဲ့ရင် နောက်တစ်ဆင့်ပြန်ဆုတ်ရန် undo ကိုနှိပ်ပါ
 ပေါ်ဆုံးထောင့်မှာပါ














ပြီးရင် နေ ဆွဲရင် အ၀ိုင်းပုံ နဲ့ line ယူပြီးဆွဲပါ။ fill ဖြည့်ပါ

















ပြီးရင် ခဲတံနဲ့အောက်ပါအတိုင်းလိုက်ဆွဲပါ

















အရောင်ဖြည့်တဲ့ နေရာမှာ ဆွဲထားတဲ့ ပုံက မျဉ်းတွေအပိတ်မဆွဲရင် စာရွက်ကိုအရောင် တွေရောက်သွားတတ်ပါတယ်
ဘောင်အပိတ်ဖြစ်အောင် ဂရုစိုက်ပြီးလိုက်ပိတ်ပါ။

ဆွဲထားသောပုံအား သိမ်းရန်

ထောင့်မှာ မျှားအပြာလေးကိုနှိပ်ပြီး Save ကိုနှိပ်ပါ။ သိမ်းမည့်နေရာရွေးပါ ဥပမာ desktop, document နှိပ်ပါ
ပြီးရင် file name မှာ နာမည်ရေးပြီး save ကိုနှိပ်ပါ။ ဒါဆိုရင် ဆွဲထားတဲ့ပုံကို ကွန်ပျူတာမှာ သိမ်းထားလိုက်ပါပြီ















စာရွက် အသစ်ယူရန်

စာရွက်အသစ်ယူမယ်ဆိုရင် ထောင့်မှာ မျှားအပြာလေးကိုနှိပ်ပြီး NEW ကိုနှိပ်ပါ။

သိမ်းထားသောပုံကိုပြန်ဖွင့်ရန်

အရင် save လုပ်ပြီးသား ပုံကိုပြန်ဖွင့် ချင်တယ်ဆိုရင်  
ထောင့်မှာ မျှားအပြာလေးကိုနှိပ်ပြီး Open ကိုနှိပ်ပါ။ ဖွင့်မယ်ပုံကို နှိပ်ပြီး Open နှိပ်ပါ။

အကယ်လို့ Desktop ပေါ်က သိမ်းထားပြီးသားကို ပြန်ကြည့်ချင်ရင် desktop ကိုသွားပြီး right click Preview နဲကြည့်နိုင်ပြီး

desktop background ပြောင်းချင်ရင်တော့ Right Click - Set up Desktop  background ကိုနှိပ်လိုက်ပါ
အပိုင်း (၅) ဆက်လေ့လာပါ။

Comment တစ်ခုခု ရေးခဲ့ပါ။