.
Saturday, February 18, 2017
အခြေခံအပိုင်း(၅)Microsoft Word 2010 စတင်အသုံးပြုခြင်း
Microsoft Word 2010 စတင်အသုံးပြုခြင်း
Microsoft Word 2010 ဆိုတာ ဘာလဲ.....
Microsoft ဆိုတာကတော့ Microsoft company ပါ word ကတော့ စာစီစာရိုက်လုပ်တဲ့ software မို့လို့ word လို့ပေးထားတာပါ။ 2010 ဆိုတာ ကတော့ software version ကိုပြောတာပါခင်ဗျ။ ပြောရမယ်ဆိုရင်တော့ microsoft word ဆိုတာ စာစီစာရိုက်လုပ်တဲ့ software တစ်ခုပါ word ကိုတော့ အစိုးရ ရုံးတွေ company တွေမှာ အသုံးများပါတယ် တခြား pagemaker တို့လို စာစီစာရိုက် software တွေလည်းရှိပါတယ်။ဒါပေမဲ့ ရုံးတွေမှာ အဓိက အားဖြင့်တော့ myanmar 2, myanmar 3တို့လို unicode font တွေနဲ့ရိုက်ရတာဖြစ်လို့ microsoft word မှာ ရိုက်လို့အဆင်ပြေပါတယ် pagemaker မှာတော့ myanmar 2 myanmar 3 font ရိုက်လို့မရပါဘူးခင် ဗျ အဲဒါကြောင့် microsoft word ဟာဆိုရင် အစိုးရနဲ့ပက်သက်တဲ့ ရုံးတွေမှာ အလုပ်လုပ်သူတွေ စာရိုက်စာရိုက် လုပ်သူတွေအတွက် ကတော့ အရေးပါတဲ့ ဏ္ဍတစ်ခုပါရှိနေဆဲပါပဲ။ တတ်ထားသင့်တဲ့ အရာ တစ်ခု လို့ယူဆပါတယ်ခင်ဗျာ။ microsoft word မှာဆိုရင် software version တွေအများကြီးရှိပါတယ် အခုနောက်ပိုင်း 2007, 2010,2013 အားလုံးဟာ အသုံးပြုနည်းတွေက အရမ်းကြီးကွာခြားမသွားပါဘူး အားလုံးပုံစံဆင်တူတွေပါပဲ အဲဒါကြောင့် 2010 နဲ့ ရေးသားဖော်ပြလိုက်ပါတယ်...
Tuesday, February 14, 2017
ကွန်ပျူတာ အခြေခံ အပိုင်း(၄)
Paint program အသုံးပြုခြင်း
Paint ဆိုတာ window မှာ ပါတဲ့ painting လုပ်တဲ့ software တစ်ခုပါ professional တော့ ဆွဲလို့မရပါဘူး
ဒါပေမဲ့ အခြေခံသဘောတရားတွေတော့အများကြီးပါ ပါတယ်။
Program တစ်ခု ဖွင့်တော့မယ်ဆိုရင် Start Button ကနေသွားပါမယ်
Start -> All Programs(or) Program->Accessories->Paint ကိုနှိပ်ပါ

ကွန်ပျူတာအခြေခံ အပိုင်း(၃)
Desktop background ပြောင်းရန်
Desktop မျက်နှာပြင်ပေါ်ကပုံကိုပြောတာဖြစ်ပါတယ် ကိုယ်နှစ်သက်ရာပြောင်းလို့ရပါတယ်
Window မှာ ပါတဲ့ ပုံတွေပြောင်းလို့ရသလို ကွန်ပျူတာ မှာ ထည့်ထားတဲ့ ပုံ တွေ ကိုလည်းပြောင်းနိုင်ပါတယ်
Desktop background ပြောင်းမယ်ဆိုရင် window ပေါ်မူတည်ပြီးတော့အနည်းငယ် ကွာပါတယ်။
win7 မှာဆိုင်၇င် desktop ပေါ်ကို right click နှိပ် personalize -
ပြီးရင် Desktop Background ကိုနှိပ်ပါ။

Monday, February 13, 2017
ကွန်ပျူတာ အခြေခံ အပိုင်း(၂)
လွတ်နေတဲမျက်နှာပြင်ကို Desktop လို့ခေါ်ပါမယ်
Desktop ပေါ်မှာရှိတဲ့ ပုံလေးတွေကိုတော့ Desktop Icons လို့
ခေါ်ပါတယ်။
အောက်ဆုံးက bar လေးကိုတော့ task bar
ဘယ်ဘက်ထောင့်ကတော့ start bar လို့ခေါ်ပါတယ်
ICons တွေထဲကမှ အ၀ါရောင်လေးကိုတော့ Folder လို့ခေါ်ပါတယ်
Desktop ပေါ်မှာရှိတဲ့ ပုံလေးတွေကိုတော့ Desktop Icons လို့
ခေါ်ပါတယ်။
အောက်ဆုံးက bar လေးကိုတော့ task bar
ဘယ်ဘက်ထောင့်ကတော့ start bar လို့ခေါ်ပါတယ်
ICons တွေထဲကမှ အ၀ါရောင်လေးကိုတော့ Folder လို့ခေါ်ပါတယ်
ကွန်ပျူတာ အခြေခံ (၁)
ကွန်ပျူတာ ဆိုတာ .....ဘာကြောင့်ကွန်ပျူတာ တတ်သင့်တာလဲ
ကွန်ပျူတာဆိုတာဟာ
သိပ္ပံပညာက ပေးလိုက်တဲ့ ထူးခြားအံ့သြဖွယ်ကောင်းတဲ့လက်ဆောင်တစ်ခုပါဘဲ၊ ၄င်းဟာဆိုရင် လျှပ်စစ်ပစ္စည်းတစ်ခုဖြစ်ပြီး
အချက်အလက်များအား သိမ်းဆည်းခြင်း၊ ပြန်လည်ရှာဖွေယူခြင်း များ ကိုပြုလုပ်နိုင်ပါတယ်၊
တွက်ချက်မှုအတွက်ဆိုရင် အလိုအလျောက်အလုပ်လုပ်သော စက်ကြီးများကို ထိန်းချုပ်ရန်အတွက်
အသုံးပြုနိုင်ပါတယ်၊ Charles Babbage က 1812 ခုနှစ်တွင် ပထမဦးဆုံး ကွန်ပျူတာစက်ကို
တီထွင်ခဲ့ပါတယ်၊ အဲဒီနောက်ပိုင်း George Boole က 1854 မှာ ထပ်မံ မွန်းမံခဲ့ပါတယ်၊
Howard နှင့် Aitten တို့က 1937 တဖန်ပြုပြင်ခဲ့ပါတယ်၊ Dr. John Nouchly နှင့် J.
P. Eckert တို့က 1946ခုတွင် အသီးသီး အဆင့်ဆင့်မွန်းမံပြုပြင်ခဲ့ကြပါတယ်၊ အဲ့ဒီကွန်ပျူတာကို
First Generation Equipment ဟု အမည်ပေးခဲ့ပါတယ်၊ ယနေ့ခေတ်တွင် (၅)ဆက်မြောက်ကွန်ပျူတာကို
လူတို့ဉာဏ်ရည်ကို ကွန်ပျူတာဖြင့် စီစဉ်တုပမှု ထုတ်လုပ်ခဲ့ပါတယ်၊ မျိုးဆက်တစ်ခုတိုင်းတွင်
ယခင်ကထက် ပိုပြီး သေးငယ်ခြင်း၊ ပေါ့ပါးခြင်း၊ ပိုပြီးမြန်ဆန်လာခြင်း၊ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာခြင်းတို့
ဖြစ်လာစေပါတယ်၊ ယခုခေတ်အ သုံးပြုနေသော မှတ်စုစာအုပ်အရွယ် ပုံစံအထိရောက်လာခဲ့ပြီး မဟုတ်ပါလား၊
ကွန်ပျူတာ စိုးမိုးမှုကာလကို 1970 ခုလိုပြောရမှာပါဘဲ၊ လူသားများရဲ့ နေ့စဉ်လုပ်ဆောင်မှု
နေရာများနှင့် ယှဉ်တွဲပြီး ၀င်ရောက်လာခဲ့ပြီးမဟုတ်ပါလား၊ ကွန်ပျူတာ အတွက် ပရိုဂရမ်ရေးသားမှုဟာ
အရေးပါအရာရောက်ပါတယ်။ ပရိုဂရမ်ရေးသားခြင်းများကို
software engineer များက ရေးသားကြပါတယ်၊ ကွန်ပျူတာပရိုဂရမ်များဟာ ပြီးပြည့်စုံသော ညွှန်ကြားချက်အ
စီအစဉ်များဖြင့် ဆောင်ရွက်ပေးကြပါတယ်၊
Subscribe to:
Posts (Atom)