ကွန်ပျူတာဆိုတာဟာ
သိပ္ပံပညာက ပေးလိုက်တဲ့ ထူးခြားအံ့သြဖွယ်ကောင်းတဲ့လက်ဆောင်တစ်ခုပါဘဲ၊ ၄င်းဟာဆိုရင် လျှပ်စစ်ပစ္စည်းတစ်ခုဖြစ်ပြီး
အချက်အလက်များအား သိမ်းဆည်းခြင်း၊ ပြန်လည်ရှာဖွေယူခြင်း များ ကိုပြုလုပ်နိုင်ပါတယ်၊
တွက်ချက်မှုအတွက်ဆိုရင် အလိုအလျောက်အလုပ်လုပ်သော စက်ကြီးများကို ထိန်းချုပ်ရန်အတွက်
အသုံးပြုနိုင်ပါတယ်၊ Charles Babbage က 1812 ခုနှစ်တွင် ပထမဦးဆုံး ကွန်ပျူတာစက်ကို
တီထွင်ခဲ့ပါတယ်၊ အဲဒီနောက်ပိုင်း George Boole က 1854 မှာ ထပ်မံ မွန်းမံခဲ့ပါတယ်၊
Howard နှင့် Aitten တို့က 1937 တဖန်ပြုပြင်ခဲ့ပါတယ်၊ Dr. John Nouchly နှင့် J.
P. Eckert တို့က 1946ခုတွင် အသီးသီး အဆင့်ဆင့်မွန်းမံပြုပြင်ခဲ့ကြပါတယ်၊ အဲ့ဒီကွန်ပျူတာကို
First Generation Equipment ဟု အမည်ပေးခဲ့ပါတယ်၊ ယနေ့ခေတ်တွင် (၅)ဆက်မြောက်ကွန်ပျူတာကို
လူတို့ဉာဏ်ရည်ကို ကွန်ပျူတာဖြင့် စီစဉ်တုပမှု ထုတ်လုပ်ခဲ့ပါတယ်၊ မျိုးဆက်တစ်ခုတိုင်းတွင်
ယခင်ကထက် ပိုပြီး သေးငယ်ခြင်း၊ ပေါ့ပါးခြင်း၊ ပိုပြီးမြန်ဆန်လာခြင်း၊ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာခြင်းတို့
ဖြစ်လာစေပါတယ်၊ ယခုခေတ်အ သုံးပြုနေသော မှတ်စုစာအုပ်အရွယ် ပုံစံအထိရောက်လာခဲ့ပြီး မဟုတ်ပါလား၊
ကွန်ပျူတာ စိုးမိုးမှုကာလကို 1970 ခုလိုပြောရမှာပါဘဲ၊ လူသားများရဲ့ နေ့စဉ်လုပ်ဆောင်မှု
နေရာများနှင့် ယှဉ်တွဲပြီး ၀င်ရောက်လာခဲ့ပြီးမဟုတ်ပါလား၊ ကွန်ပျူတာ အတွက် ပရိုဂရမ်ရေးသားမှုဟာ
အရေးပါအရာရောက်ပါတယ်။ ပရိုဂရမ်ရေးသားခြင်းများကို
software engineer များက ရေးသားကြပါတယ်၊ ကွန်ပျူတာပရိုဂရမ်များဟာ ပြီးပြည့်စုံသော ညွှန်ကြားချက်အ
စီအစဉ်များဖြင့် ဆောင်ရွက်ပေးကြပါတယ်၊
၎င်းအပြင် ပြဿနာများ ကို လက်ခံဖြေရှင်းပေးကြပါတယ်၊ ကွန်ပျူတာ Software များကို အောက်ပါဘာသာစကားများဖြင့် ရေးသားကြပါတယ် BASIC, COBOL, FOR TRAN, C, C++, JAVA နှင့် Visual Basic တို့ ဖြစ်ကြပါတယ်၊ကွန်ပျူတာဟုဆိုလိုက်ရင် မြန်ဆန်မှု၊ တိကျမှန်ကန်မှု၊ သက်တောင့်သက်တာရှိမှု၊ ပြည်ပြည်စုံစုံရှိခြင်း၊ ဒါတွေနဲ့ ပြည့်ဝနေပါတယ်။ ၄င်းဟာ တစ်စက္ကန့်အတွင်းမှာ သန်းနှင့်ချီသော ညွှန်ကြားချက်များကို မှားယွင်းမှုမရှိ ၊ မပျက်မကွက်ပြီးမြောက်ဆောင်ရွက်ပေးကြပါတယ်။ လူသားများအနေဖြင့် ရက်ပေါင်းများစွာ လုပ်ဆောင်ရမည့် အလုပ်များကို မိနစ်အနည်းငယ်ဖြင့် ဆောင်ရွက်တွက်ချက်နိုင်စွမ်းရှိကြပါတယ်၊ ကျွန်တော်တို့ကို ခက်ခဲ့ပြီး ရှုပ်ထွေးသော တွက်ချက်များကို ကူညီဖြေရှင်းပေးပါတယ် ။ ကွန်ပျူတာတွင် ကြီးမားကို မှတ်ညဏ်ပါရှိပါသည်။ ၄င်းသည် များပြားသော အချက်အလက်များကို ထိမ်းသိမ်းထားနိုင်ပါတယ်၊ Microsoft ကုမ္ပဏီမှ Software နည်းပညာများကို စဉ်ဆက်မပြတ် အရှိန်ဖြင့် ထုတ်လုပ်ပြီး ကျွမ်းကျင်ပြီး ခိုင်မာသော ဈေးကွက်စာမျက်တွင် ဦးဆောင်ရပ်တည်ဖွင့်လှစ်ခဲ့ပါတယ်၊ ကမ္ဘာတ၀ှမ်းလုံး နည်းပညာ ဖြင့် ကြီးကျယ်စွာ ပြောင်းလဲစေ့မယ့် ခြေလှမ်း ပါဘဲ၊ ကွန်ပျူတာစနစ်များက ကျွန်တော်တို့ကို အချိန်တိုအတွင်း တိတိကျကျ အကျိုးများစေရန်ထောက်ပံ့ ကူညီပါတယ်။ Software များက ဆက်သွယ်ရေးလုပ်ငန်းများနှင့် ရုပ်သံထုတ်လွှတ်ခြင်း ကြားခံအဖြစ် ဆောင် ရွက်ပေးပါတယ်။နှစ်ပေါင်း (၅၀) အထက်မနည်းသော ကာလမှာ ကွန်ပျူတာ၏ နေရာယူလာမှု ပုံမှန်အားဖြင့် နေရာအသီးသီးမှာ လုပ်ဆောင်လာခဲ့ပါတယ်၊ များစွာသော လုပ်ရိုးလုပ်စဉ် အလုပ်ကိစ္စ္စ လုပ်ဆောင်ချက်များကို ဒီကနေ့မှာ ကွန်ပျူတာမှာ ကြားဝင်ဆောင်ရွက်လာခဲ့ပါတယ်၊ကွန်ပျူတာကို သုံးခြင်းဖြင့် ပုံမှန် စာရွက်စာတန်းအလုပ်များကို လျှော့ချနိုင်ခဲ့ပါတယ်၊ အခု ကျွန်တော်တို့၏ အလုပ်များကို ကွန်ပျူတာဖြင့် တိုက်ရိုက် လုပ်ဆောင်ပြီးမြောက်စေခဲ့ပါတယ်၊ မြို့ပြကြီးတွေမှာ ယာဉ်ကြောရှုပ်ထွေးမှု များကို ကွန်ပျူတာဖြင့် ထိမ်းချုပ် ဖြေရှင်းစေပါတယ်၊ အလိုအလျောက် ဘဏ်ငွေထုတ်စနစ်များ၊ ရထားဘူတာ ၀န်ထမ်း နေရာမှာ ကွန်ပျူစနစ်များက ကြားဝင် လုပ်ဆောင်စေပါတယ်၊ လက်မှတ်ဖြတ်ခြင်းနှင့် သတင်းထုတ်ပြန်ခြင်းများ ပိုပြီးထိထိရောက်ရောက်ဖြစ်စေပြီး အဆင်ချောမွေ့စေပါ တယ်။ အမျိုးမျိုးသော ဂိမ်း ကစားနည်းများကလည်း ကွန်ပျူတာမှာ ကစားနိုင်ပါတယ် ဥပမာ၊ Chess နှင် Card ဂိမ်းများ။ဆေးဝါးကဏ္ဍတွင် ရောဂါများအမျိုးအမည်ကို ခွဲခြားစမ်းသပ်ခြင်း၊ ၄င်းကဏ္ဍများတွင်လည်း ကွန်ပျူတာဖြင့် ရောဂါဖြစ်သော နေရာ ၊ အကြောင်းအရာအတိကျကို ရှာဖွေခြင်း၊ ဖြစ်စဉ်အတိုင်း မဟုတ်သော ရောဂါ လိင်နှင့် ပါတ်သတ်သော ကူးစက်ရောဂါများ ရှာဖွေခြင်းများကို လုပ်ဆောင်ပေးပါတယ်၊ စီပွားရေးနှင့်ပါတ်သတ်သော အချက်အလက်များရေးသွင်းခြင်း၊ ကြီးမားသော စာရင်းဇယားများကို လွယ်ကူစွာဖြင့် ရှာဖွေနိုင်ခြင်းကို ကွန်ပျူတာကို အသုံးပြုခြင်းဖြင့် ရရှိစေမှာပါ။ကွန်ပျူတာဟာ နည်းပညာနှင့်သတင်းအချက်အလက်များ နောက်ခံကျောရိုးကြီး တစ်ခုအနေဖြင့်ရှိနေခဲ့ ပါတယ်၊ အဓိကတော့ အင်တာနက်ပါဘဲ ၊ အင်တာနက်မှာ ကျွန်တော်တို့ နေ့စဉ်ဘ၀ကို ဖြတ်သန်းမှု လိုအပ်ချက်များ အချို့သော အသုံးဝင်သည့် လျှောက်လွှာပုံစံ များကိုရယူနိုင်မှာပါ၊ တမျိုးအနေကတော့ ရထားလက်မှတ်ရယူခြင်းနှင့်Online မှ လေယာဉ်လက်မှတ်များ ကြိုတင်မှာယူခြင်းများကို ပြုလုပ်နိုင်ပါတယ်၊ ဒီစနစ်က နာရီများစွာ မတ်တပ်ရပ်စောင့်ဆိုင်းရခြင်းများကို သက်သာခွင့်ရစေမှာပါ၊ အလုပ်လျှောက်ခြင်း များကို လည်း ပြုလုပ်နိုင်မှာပါ၊ ကျောင်းဝင်ခွင့်လျှောက်ထားခြင်း၊ ကောလိပ်အတွက် ဖောင်ဖြည့်ခြင်း များကို Online မှတဆင့် ပြုလုပ်ခြင်းများ၊ ဒါဟာ အချိန်နဲ့ စွမ်းအင်ကို ချွေတာခြင်းပါဘဲ၊ နောက်ပြီးတော့ စာမေးပွဲ ရလဒ်(အဆင့်မြင့်အတန်းဝင်ခွင့်)ကို အင်တာနက်မှ ကြည့်ရှုနိုင်ပါတယ်၊ အကောက်ခွန်ခ ရေးဖြည့်ခြင်းများ ကိုလည်း အင်တာနက်မှပြုလုပ်နိုင်ပါတယ်၊ ၀င်ငွေခွန်နှင့် ပတ်သက်ပြီးတော့ ၀င်ငွေခွန်ဆောင်ခြင်း ကိုအင်တာနက် စာမျက်နှာမှာ Download ရယူနိုင်ပါတယ်၊ ကမ္ဘာအနှံ့ကွန်ပျူတာများကြား အချင်းချိတ်ဆက်မှုများ။ ဥပမာ။ အင်တာနက် စီးပွားရေးလုပ်ငန်းများ၏ အပြည့်အ၀ပြောင်းလဲမူများ၊ ထင်မြင်ယူဆချက်များ အများသဘောတူညီစေခဲ့ပါတယ်။ ကမ္ဘာအနှံ့ရှိ ရုံးခန်းများမှ ချိတ်ဆက်ထားသော ကွန်ပျူတာ ကွန်ယက်များကို ဖြတ်သန်းပြီး ရုပ်လုံးပေါ်မူနှင့် အသံပိုင်းဆိုင်ရာများ ၀င်ရောက်အသုံး ပြု အကျိုးသက်ရောက်စေရန်။ အလွယ်တကူဖြင့် အင်တာနက်မှ သတင်းအချက်အလက်များကို ရယူနိုင်ပါတယ်၊ ၄င်းဟာ ကျောင်းသား/သူ များအတွက် အပြောကျယ်ဝန်းသော ဗဟုသုတပင်လယ်ကြီးပင်ဖြစ်ပါတော့တယ်၊ ၄င်းဟာ အလွန်ကြီးမားသော စာကြည့်တိုက်လည်း ဖြစ်ပါ တယ်။ စာမေးပွဲဖြေဆိုရမည့် ကျောင်းသား/သူများအတွက် အင်တာနက် ဟာ အကူအညီဖြစ်စေပါတယ်၊ အဝေးရောက် ပညာသင်ကြားရေးစံနစ်မှာလည်း မိမိယူထားသည့် ဘာသာရပ်အလိုက် အင်တာနက်မှ လေ့လာသင်ယူနိုင်ပါတယ်၊ နိုင်ငံခြားသက္ကသိုလ်ဝင်ခွင့်ဖြေဆိုရာမှာလည်း အင်တာနက်ဟာ မြန်ဆန်ပြီး ၊ ငွေကြေးကုန်ကျမှုများလည်း သက်သာစေပါတယ်၊ မည့်သည်ဒေသအတွက်မဆို ပထ၀ီဝင်သဘောတရား များ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အချက်အလက်စုဆောင်းမှုကိုလည်း များစွာထောက်ကူပြုစေပါတယ်၊ ပြောရမယ်ဆိုရင်တော့ သင်ဘ၀တသက်တာအတွက် ဘ၀လက်တွဲဖော် ရှာမယ်ဆိုရင်လည်း ကမ္ဘာတ၀ှမ်းလုံးနဲချိတ်ဆက်ပြီး စကားပြောခန်းများ( Chat) ဟာလည်း တစ်ခုအပါအ၀င်ပါဘဲ။ အင်တာနက်ရဲ့အရေးပါအရာရောက်မူဟာဆိုရင် အနာဂါတ်အတွက် စီးပွားရေးလုပ်ရန်အကောင်းဆုံး လမ်းကြောင်းဖြစ်ကြောင်းကို အိန္ဒိယနိုင်ငံအနေဖြင့် သိပြီးဖြစ်ပါတယ်။ အရမ်းအရေးကြီးဆုံးညွှန်းဆိုချက် ဆိုရာတွင် အင်တာနက်နှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းရှင်များက အကွက်ကျော် သိမြင်ပြီး လုပ်ကိုင်ကြောင်းကို သိစေပါတယ်၊ E-commerce ဆိုတဲ့ Online မှာ ရောင်းခြင်း ၀ယ်ခြင်း လုပ်ငန်းများ ကလည်း အိန္ဒိယနိုင်ငံမှာ ရေးပန်းစား လူကြိုက်များသော နည်းလည်းဖြစ်ပါတယ်၊ ဒီစနစ်ဟာ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သတ်ပြီး ကုန်ပစ္စည်းမှာယူခြင်း၊ ရောင်းဝယ်ခြင်းများကို ဈေးနှုန်းသက်သာစွာဖြင့် ကမ္ဘာဈေးကွက်မှာ ကုန်သွယ်ခွင့်ကို အခွင့်အရေးရရှိစေပါတယ်၊ E-commerce စနစ်က ကူညီမူဖြင့် ရှုထောင့်အသီးသီးမှ စားသုံးသူများ ၏ရင်တွင်းဆန္ဒနှင့်ထပ်တူကျစေသော စီးပွားရေးလုပ်ငန်းအပါအ၀င် ၊ ကုန်ပစ္စည်းများ အရောင်းမြှင့် တင်ခြင်း၊ ကြော်ငြာခြင်း၊ ကုန်ပစ္စည်းမှာယူခြင်း၊ အကောက်ခွန်ဆောင်ခြင်း၊ နိုင်ငံကူးသင်္ဘောဆိပ်ကမ်းများ၊ အခြားသော ငွေပေးချေခြင်း ကိစ္စရပ်များတို့ဖြစ်ပါတယ်၊ ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရအဖွဲ့များမှ ကွန်ပျူတာ ပညာရေးသင်ကြားရေးစနစ်ကို ဦးစားပေး ဖော်ဆောင်လျှက်ရှိပါတယ်၊ ကွန်ပျူတာအသုံးချမှုလုပ်ငန်းများက စာစီစာရိုက်အလုပ်များစွာကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်၊ Software ရေး သားသော အလုပ်များ၊ ကွန်ပျူတာ စက်ပစ္စည်းများနှင့် Software ပြုပြင်ခြင်း ၊ ထည့်သွင်းခြင်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းနိုင်ခြင်း ကျွမ်းကျင်အတတ်ပညာရှင်များကိုလည်း ပေါ်ပေါက်စေပါတယ်၊ ၄င်း၏ အကျိုးဆက်အနေဖြင့် အံ့သြတုန်လှုပ်ဖွယ်ကောင်းလောင်အောင်ပင် လူငယ်၊ လူရွယ်များအတွက် စီးပွားရေး များတွင် စွန့်စားလိုစိတ်များ ကို ဖြစ်ပေါ်စေခဲ့ပါတယ်၊ ကွန်ပျူတာစနစ်မှ ကျွန်တော်တို့ကို အကျိုးရလဒ်များ စွာ ရရှိစေပါတယ်၊ ၄င်းတို့ကို သုံးပြီး စာစီစာရိုက်လုပ်ငန်းများအဖြစ်အသုံးပြုနိုင်ခြင်း၊ တယ်လီမော်ဒမ်များကို အသုံးပြုပြီး ကမ္ဘာတစ်ဘက်ခြမ်းမှာ ရှိနေသော သူများနှင့် တွေဆုံစကားပြောဆိုနိုင်ရန်လည်း အထောက်အ ကူပြုပါတယ်၊ ကွန်ပျူတာအသုံးချ အင်တာနက်မှ ဖုန်းခေါ်ဆိုခြင်း၊ ရုပ်မြင် တွေ့ဆုံခြင်းများကလည်း ဖြစ်လာ ပါနိုင်ပါတယ်၊ အင်တာနက်စံနစ်က ဝေးကွာနေသော မိသားစုများအကြား တွေဆုံထိတွေ့ခွင့်ကိုလည်း ကူညီပေးပါတယ်၊ တစ်ခုအနေဖြင့်ကတော့ ထင်ပေါ်ကြော်ကြားနေသော ပုဂ္ဂိုလ်များ၏ သတင်းအချက်အ လက်များကိုလည်း အလွယ်တကူဖြင့် အင်တာနက်ပေါ်မှ ကုန်သွယ်ခြင်းကိစ္စရပ်များ၊ အစည်းအဝေးများ ၊ ဈေးကွက်နှင့်ပတ်သတ်သော သတင်းများ၊ ပညာရေးကဏ္ဍများ၊ အခြားအဖွဲ့အစည်း များနှင့် နိုင်ငံရေးအကြောင်းအရာများကိုလည်း သိရှိခွင့်ရစေမှာဖြစ်ပါတယ်။ ကွန်ပျူတာစံနစ်များဟာ သူငယ်ချင်းတစ်ယောက်ကဲ့သို့ပင် သိပ္ပံနှင့် နည်းပညာ များ၊ စက်မူဇုံများ ဆီသို့ အလုပ် ၀င်ရောက်နိုင်ရန် သက်သေခံနေပါတယ်။ ကွန်ပျူတာပညာရပ်များဟာ အင်တာနက်စနစ်မှတဆင့် စီးပွားရေးလုပ်ငန်း အခွင့်အလန်းများကို တိုးချဲ့လုပ်ကိုင် နိုင်ပါတယ်၊

ကွန်ပျူတာ တွင်ပါဝင်သော အစိတ်အပိုင်းများ
၁. monitor
ဒါကတော့ LCD / LED မော်နီတာပါ
CRT (cathode ray tube)
LCD(liquid crystal display)
LED (light emitting diode)
တို့ ဖြစ်ပါတယ်။
CRT ကတော့ အခုခေတ်မှာ အသုံးနည်းသွားပါပြီ။
ကျွန်တော့်တို့ အရင်တုန်းက TV တွေလိုပေါ့ဗျာ မီးလုံး ကြီးတွေနဲ့ပေါ့ မီးအားလည်းပိုပြီးစားပါတယ် မီတာခ ပိုတတ်တာပေါ့ဗျာ
ဒါကတော့ CRT ပါ။
၂၊ KEY BOARD & MOUSE
Key Board နဲ့ Mouse ကတော့ INput devices တွေလို့ခေါ်ပါတယ်
Key Board ကတော့ စာလုံး တွေရိုက်တဲ့နေရာမှာပဲသုံးပါတယ်
MOUSE ကတော့ pointer လေးရွှေ့ပြီး ကိုယ်ခိုင်းချင်တာလေးတွေနှိပ်ပြီး ကွန်ပျူတာကိုစေခိုင်းဖို့ပါပဲ။
ဘယ်ဘက်က ခလုတ် ကိုတော့ Left click လို့ခေါ်ပြီး ညာဘက် ခလုတ်ကိုတော့ Right Click လို့ခေါ်ပါတယ်
Left click ကတော့ ရွေးပြီး နှိပ်တဲ့နေရာတွေမှာ သုံးပြီး Right Click ကတော့ တစ်ခုခုပြင်ချင်တာတို့ ဖျက်ချင်တာတွေမှာသုံးပါတယ်။
အလယ်က အလုံးလေးကတော့ အပေါ်အောက်ရွှေ့တဲ့အခါ အလုံးလေးလိမ့်ပြီးရွှေ့နိုင်ပါတယ်
scroll လို့ခေါ်တာပေါ့ဗျာ။
၃။ System Unit
System Unit ကတော့ Computer ရဲ့ အဓိက အကျဆုံးအပိုင်းပေါ့
သူက တော့ User ခိုင်းသမျှ အကုန် လုံးလုပ်ပေးရ တွက်ပေးရ
သိမ်းချင်သိမ်း ထုတ်ချင်ထုတ် ဖျက်ချင်ဖျက် အားလုံးလုပ်ပေးပါတယ်
အောက်ဆုံးက မြင်နေရတဲ့ power ကတော့ ကွန်ပျူတာ ဖွင့်ရင်နှိပ်ပြီး ဖွင့်ဖို့ပါ။
အောက်က reset ကတော့ အသုံးပြုရင်းနဲ့ ကွန်ပျူတာ ရပ်သွားတာတို့ အလုပ်မလုပ်တော့တဲ့တို့ ဆက်ခိုင်းလို့မရတော့ ရင် reset ကိုနှိပ်ပြီး (ကွန်ပျုတာကိုပိတ်ပြီးပြန်ဖွင့်တဲ့ သဘောပါ)
DVD Rom or DVD RW ကတော့ software ခွေတွေ
video ခွေ သီချင်းခွေတွေ ထည့်ပြီး Install လုပ်လို့ရသလို့ ခွေ ကူးလို့လည်း ရပါတယ်။
၎။ UPS
UPS ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ မီးပျက်တဲ့အခါ မီးအားမမှန်တဲ့အခါ
တွေမှာ UPS အတွင်းက ရှိတဲ့ Battery နဲ့ ကွန်ပျူတာ ပိတ်မသွားအောင် ဆက်လက်ထိန်းထားပေးဖို့ပါပဲ။
ဘယ်ဘက်က မီးအနီရောင်လေး ကတော့ မီးပျက်သွားရင် အနီလေး လင်းလာပြီး တီတီ အော်နေမှာပါ
မီးအစိမ်းလေးက တော့ မီးပြန်လာတဲ့အခါ မီးစီးပြီး
မီးအ၀ါက တော့ battery အားပြန်သွင်းနေတယ်ဆိုရင် လင်းပါတယ်။
၅။ Printer
ကတော့ ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ ပုံတွေ စာတွေ စာရွက်ပေါ်ရိုက်ထုတ်တဲ့အခါ သုံးပါတယ်။
သူကတော့ မှင် အမှုန်တွေ နဲ့ စာရွတ်ပေါ်ထုတ်ပေးပါတယ်
ခု မြင်နေရတဲ့ ပုံကတော့ အဖြူ အမဲပဲ ရပါတယ်။ Laser Printer ရဲ့အားသာချက်တွေကတော့
မှင်ခဏခဏ မဖြည့်ရခြင်း စာရွက် ထုတ်တဲ့အခါ အကြာကြီး မစောင့်ရခြင်း
အားနည်းချက်ကတော့ color ဆိုရင် ဈေးနှုန်းကြီးမြှင့်ခြင်း
နယ်တွေမှာဆို service သမား မရှိခြင်းတို့ဖြစ်ပါတယ်။
ဒါကတော့ color ink printer ပါ
သူက တော့မှင်အရည်နဲ့ဖြစ်ပြီး
ဈေူးနှုန်းသက်သက်သာသာနဲ့ color ထုတ်လို့ရပါတယ် ဓာတ်ပုံတွေ ထုတ်နိုင်ပါတယ်
အားနည်ချက်တွေကတော့
တစ်ရွက်တစ်ရွက် တော်တော်ကြာအောင်ထုတ်ချိန် ကြာခြင်း မှင် မညီတာ မှင် မထွက်တာ
မှင် ခဏခဏ ဖြည့်ရခြင်းတို့ဖြစ်ပါတယ်။
ကဲဒီလောက်ဆိုရင် ကွန်ပျူတာ ရဲ့ အစိတ်အပိုင်းတွေ အကြောင်းကို ရင်းနှီးသွားလောက်ပါပြီ
အပိုင်း (၂) ကို ဆက်လေ့လာပါ။